Hip Hop လောကရဲ့ Underground အသိုင်းအ၀ိုင်းမှာ MJNနဲ့အတူ မသိသူမရှိလောက်အောင် နာမည်ရလာခဲ့တဲ့ Lil’Z ဟာ ဒီလောကထဲမှာ အချိန်ယူရင်း သူ့ဖန်တီးမှုတွေ၊ သီချင်းတွေ နေရာတစ်ခုရလာအောင်၊ နာမည်တစ်ခုရလာအောင် ကြိုးစားလာခဲ့သူမို့ သူဘာကြောင့် ခုလို တဖြည်းဖြည်း လူသိများ အားပေးခံလာရသလဲဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ ဒါ့ကြောင့် သူနဲ့တွေ့ဆုံခိုက် သိချင်တာလေး မေးမြန်းဖြစ်တဲ့အခါလတ်တလော အနုပညာလှုပ်ရှားမှုကို အရင်ပြောပြပေးပါလား။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရန်ကုန်) ၏ ရုံးခန်း နေရာသစ် အဖြစ် အသုံးပြုမည့် တိုက်ခန်းတစ်ခန်း ဝယ်ယူရန် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် လိုအပ်သော ကဏ္ဍများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ရော့ခ်တီးဝိုင်းနှင့် တေးဂီတ အဖွဲ့ဖြစ်သော Iron Cross ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၂ ရက်နေ့ ည ၇ နာရီတွင်၊ တာမွေ မြို့နယ် အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ ရွှေထွဋ်တင် ကွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD အဖွဲ့ချုပ် (ရန်ကုန်) ၏ အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

အဆိုတော်လေး ဂျပ်စတင်ဘီဘာ ဒီမနက်စောစော မိုင်ယာမီကမ်းခြေမှာ အဖမ်းခံရတယ်လို့ မိုင်ယာမီရဲဌာနက အတည်ပြုကြောင်း နိုင်ငံတကာသတင်းတွေမှာ ရေးထားပါတယ်။
မူးယစ်ဆေးသုံးပြီး ကားပြိုင်မောင်းမှုနဲ့ သံသယဖြစ်လို့ ထိန်းသိမ်းထားတာဖြစ်တယ်လို့လည်း သတင်းတွေမှာ ရေးထားပါတယ်။

တောင်ကိုရီးယား အနုပညာကြယ်ပွင့် ရိန်းက မကြာမီက ဖြန့်ချိခဲ့သည့် Rain Effect အမည်ရှိ ၎င်း၏ ဆဋ္ဌမမြောက် အယ်လ်ဘမ် ထွက်ရှိအပြီးတွင် ရုပ်သံ ဇာတ်လမ်းတွဲ ပရိသတ်များအတွက် ကေဘီအက်စ်ရုပ်သံလိုင်း၏ 1 Night 2 Days ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင် ထားကြောင်းသိရသည်။

အဆိုတော် waiလျှံကို လတ်တလောမှာ ဘာတွေလုပ် ဖြစ်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးဖြစ်တဲ့အခါ ‘ကျွန်တော် လတ်တလောမှာတော့ ကျွန်တော့်ရဲ့ တတိယမြောက် အခွေဖြစ်တဲ့ အချစ်ကလက်ပစ်ဗုံးကို နှစ်လပိုင်းမှာ ထွက်နိုင်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ပြီးရင် ဇာတ်ကားရိုက်ဖို့ ရှိမယ်။ နောက်ပြီးရင် နယ်ရှိုးဆိုဖို့ ရှိပါတယ်။ အချစ်ကလက်ပစ်ဗုံး ဆိုတဲ့ အခွေထဲမှာ အရင်လုပ်နေကျ ဟစ်ပ်ဟော့ပုံစံမျိုး မဟုတ်ဘဲ ဟစ်ဟော့ ဘက်နွယ်တဲ့ အလက်ထရို ပုံစံမျိုးတွေပါမယ်။ version တော့ နည်းနည်းပြောင်းထားတယ်။ R&B ဆိုလည်း Electro R&B ၊ ဟစ်ပ်ဟော့ ဆိုလည်း Electro hiphop ၊ R&B POP ပုံစံမျိုးလေးတွေ လုပ်ထားတယ်။’လို့ သူက ပြောပါတယ်။

နောက်ပိုင်းမှာ ဂီတအမျိုးအစားတွေ အများကြီးပေါ်ပေါ်လာတာနဲ့ ပတ်သက်ပြီးတော့လည်း သူက ‘စိုးရိမ်တာမျိုးတွေ တော့မရှိပါဘူး။ ဂီတအမျိုးအစားတွေ ဘယ်လောက်ပဲ ပေါ်ထွက်လာလာပါ။ ဂီတတစ်ခုတည်းကနေပဲ ခွဲထွက်သွားတာလေ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် ဂီတပါပဲ’တဲ့။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကန်တက်ကီရှိ လူးဝစ်ဗီးလ်တွင် ဂျက်စတင်သည် အမာခံ ပရိသတ် (၂၂၀၀၀)ကျော်ရှေ့၌ သီချင်းသီဆို ဖျော်ဖြေနေခဲ့သည်။ ထို့နောက်တွင်မူ ဖျော်ဖြေပွဲကို ရုတ်တရက် ရပ်တန့်ကာ ပရိသတ် စုံတွဲတစ်တွဲကို ဖိတ်ခေါ်ခဲ့သည်။ 20/20 Experience ဖျော်ဖြေပွဲ အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ကျင်းပသော ယင်းအစီအစဉ်တွင် ဂျက်စတင်၏ ပရိသတ် တစ်ဦးက မိမိ၏ ချစ်သူအား လက်ထပ်ခွင့် တောင်းရန်အတွက် ပါဝင်ကူညီပေးပါရန် ကမ္ဘာကျော် အဆိုတော် မင်းသားကို ပန်ကြားထားခဲ့သည်။

<< Start < Prev 1 2 3 Next > End >>
Page 1 of 3